အာဖဂန်က ကန်တပ်တွေ ဆုတ်ခွာတဲ့အပေါ် ဂျိုးဘိုင်ဒန်ကာကွယ်

ဗီဒီယို ပုံစာ, အာဖဂန်နစ္စတန်ကနေ အမေရိကန် တပ်တွေ ဆုတ်ခွာတဲ့အပေါ် ဂျိုးဘိုင်ဒန်က ကာကွယ်ပြောဆို
ရေးသားခဲ့သည်။

တာလီဘန်က အစိုးရ အမှုထမ်းတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ် ဆိုပြီး လုပ်ငန်းခွင်ကို ပြန်လာကြဖို့ ကြေညာခဲ့ပါတယ်။ ကဘူးလ်မြို့ခံတွေကတော့ မြို့ထဲမှာ အသွားအလာ နည်းနည်း ပြန်ရှိလာနေပေမယ့် ဘာအစိုးရမှာ မရှိတဲ့ မရေရာတဲ့ အခြေအနေအတွက် စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုမှာတော့ သမ္မတ ဂျိုးဘိုင်ဒဲန်ဟာ အာဖဂန်နစ္စတန်ထဲက အမေရိကန် တပ်ဖွဲ့တွေ ရုပ်သိမ်းပုံနဲ့ ပတ်သက်လို့ ခုခံပြောကြားနေရပေမယ့် သူ့ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ရပ်တည်သွားမယ် တပ်ရုပ်သိမ်းဖို့က ဘယ်တုန်းကမှ အကောင်းဆုံး အနေအထားမျိုး ရှိနေခဲ့တာမဟုတ်ဘူးလို့ လို့ ပြောခဲ့ပါတယ်။

ကိုထက်အောင်က ဆက်ပြောပြမှာပါ။