ကိုဗစ်ရုံးပိတ်ရက်အတွင်း ဘဏ်တွေပါပိတ်ရမယ်

ဗီဒီယို ပုံစာ, ကိုဗစ်ရုံးပိတ်ရက်အတွင်း ဘဏ်တွေပါပိတ်ရမယ်
ရေးသားခဲ့သည်။

ကိုဗစ် ကူးစက်မှုတွေကြောင့် စစ်ကောင်စီက ရုံးပိတ်ရက်တွေကို ထုတ်ပြန်ကြေညာခဲ့ရာမှာ၊ ဒီတစ်ကြိမ်မှာတော့ ဘဏ်တွေကိုပါပိတ်ဖို့ ညွှန်ကြားလာတာကို တွေ့ရပါတယ်။ အရင်ကထုတ်ပြန်ချက်တွေမှာ ဘဏ်လုပ်ငန်းတွေကို ပိတ်ဖို့ညွှန်ကြားတာမျိုး မရှိပါဘူး။ ဘဏ်တွေ ပိတ်ရမယ် ဆိုပေမယ့် အွန်လိုင်း ဝန်ဆောင်မှုနဲ့ အေတီအမ်တွေမှာ ငွေထုတ်ယူနိုင်ဖို့ကိစ္စတွေကိုတော့ ဘဏ်တွေဘက်က စီမံပေးရမယ် ဆိုပြီး ဗဟိုဘဏ်ကညွှန်ကြားထားပါတယ်။ ဘဏ်သုံးစွဲသူ၊ ငွေထုတ်ငွေသွင်း လုပ်နေကြသူတွေနေ့စဥ်ကြုံတွေနေရတဲ့ အခက်အခဲတွေကိုရော ဗဟိုဘဏ်က ဘယ်လိုဖြေရှင်းပေးမှာပါလဲ။ ကိုဟိန်းကိုစိုးကပြောပြမှာပါ။