အာဏာသိမ်း ၆ လတာ စီဒီအမ် အခြေအနေ

ဗီဒီယို ပုံစာ, အာဏာသိမ်း ၆ လတာ စီဒီအမ် အခြေအနေ
ရေးသားခဲ့သည်။

စစ်အာဏာသိမ်းပြီး ၆ လအကြာ စစ်ကောင်စီကနေ အိမ်စောင့်အစိုးရအဖြစ်ထပ်မံ ဖွဲ့စည်းပြီး‌နောက် မှာတော့ ရုံးမတက်ဘဲ အာဏာဖီဆန်ရေး CDM မှာပါဝင်လို့ တိမ်းရှောင်နေသူတွေကို ဥပဒေနဲ့ အညီအမှုပိတ်သိမ်းတာ၊ ရုပ်သိမ်းတာဆောင်ရွက်ပေးမယ်လို့ စစ်ကောင်စီဘက်ကပြောလာပါတယ်။ တခါ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖမ်းဆီးထောင်ချခံထားရသူတချို့ကို အမှုရုပ်သိမ်းပြီးပြန်လွှတ်ပေးခဲ့ပါတယ်။ ဆိုတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်သူတွေရဲ့အခြေအနေက ဘယ်လိုရှိနေပါသလဲ။ ဘီဘီစီသတင်းထောက် မနှင်းမို ကပြောပြပေးမှာပါ။