အလံဖြူထောင် အကူအညီတောင်းမှု တားဆီးခံနေရ

ဗီဒီယို ပုံစာ, အလံဖြူထောင် အကူအညီတောင်းမှု တားဆီးခံနေရ
ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာကိုဗစ် ကူးစက်သူလူနာသစ် ၅၁၂၇ယေက်ရှိပြီး၊ သေဆုံးသူ ၃၉၀ ရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ကိုဗစ် ကူးစက်မှုတွေကြောင့် ရန်ကုန် အပါအဝင် တိုင်းနဲ့ ပြည်နယ် အချို့မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တချို့နေရာတွေမှာ ဆေးဝါးနဲ့ အစားအစားတွေ လိုအပ်နေတဲ့အတွက် အိမ်တွေမှာ အလံဖြူအလံဝါထောင်ကာ အကူညီတောင်းတာတွေရှိခဲ့ပါတယ်။

အဲဒီလို အလံထောင်ပြီး အကူအညီတောင်းခံမှုတွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက တားဆီးတာတွေ ရှိနေတယ်လို့ ပရဟိတ အဖွဲ့တွေက ပြောပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီလိုအလံထောင်အကူညီတောင်းတာတွေလျော့သွားသလို၊ ကာယကံရှင်ကိုယ်တိုင်က အကူအညီတောင်းခံမှုတွေကို ပြန်ရုပ်သွားတာတွေ ရှိလာပါတယ်။ မဝင်းစန္ဒာဦးကပြောပြပေးမှာပါ။