ကနီမှာ မြေမြှုပ်ထားတဲ့ အလောင်းအများအပြားတွေ့ရှိ

ဗီဒီယို ပုံစာ, ကနီမှာ မြေမြှုပ်ထားတဲ့ အလောင်းအများအပြားတွေ့ရှိ
ရေးသားခဲ့သည်။

ကနီဒေသ ဇီးပင်တွင်းကျေးရွာအနီးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး၊ မြေမြှုပ်ထားတဲ့ အလောင်း တွေကိုတူးဖော် တွေ့ရှိရတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ အဲဒီအလောင်းတွေဟာ ကျေးရွာမှာနေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ လောလောဆယ်မှာ အလောင်း ၄လောင်းကို တူးဖော်တွေ့ရှိထားရပြီး နောက်ထပ်မြေမြှုပ်ထားတဲ့ ကျင်းနေရာ ၅နေရာလောက်ရှိသေးတယ်လို့ ရွာသားတစ်ဉီးက ပြောပါတယ်။ ကနီဒေသ၊ ဇီးပင်တွင်းရွာခံတွေထွက်ပြေးတိမ်းရှောင်နေရမှု အခြေအနေနဲ့ အလောင်းတွေ တွေ့ရှိရမှု အခြေအနေကို ဒေသခံတွေကိုယ်တိုင်ပြောပြထားပါတယ်။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။