မြန်မာနိုင်ငံအတွင်း ပြည်နယ်တချို့မှာ ရေကြီး

ဗီဒီယို ပုံစာ, မြန်မာနိုင်ငံအတွင်း ပြည်နယ်တချို့မှာ ရေကြီး
ရေးသားခဲ့သည်။

မြန်မာနိုင်ငံအတွင်းက ပြည်နယ်တချို့မှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် လူနေရပ်ကွက်တွေအထိ ရေတွေဝင်ရောက်လာပြီး ပြည်သူထောင်နဲ့ချီ ရေဘေးရှောင်နေရပါတယ်။ အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ရေဘေးရှောင်တွေကိုကူညီဖို့ ကယ်ဆယ်ရေးပရဟိတ သမားတွေ လိုအပ်နေသလို အခက်အခဲတွေလည်းကြုံနေရတာပါ။ ပြည်တွင်းမှာ ကိုဗစ်မြင့်တက်နေချိန် ရေဘေးပါ ကြုံတွေ့လာရတဲ့ ဒီအကြောင်းစုံကို မနှင်းမိုက ပြောပြမှာပါ။