ပြည်နယ်နဲ့ တိုင်းတချို့မှာ ဒေသခံတွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်ဖြစ်ပွား
ရေးသားခဲ့သည်။
စစ်တပ်က အာဏာသိမ်းထားတာ ၅ လကျော် ၆ လနီးပါး ရှိလာနေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ဒေသတချို့နဲ့ စစ်ကိုင်းတိုင်း တို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။ ဒီတပတ်အတွင်း ဆက်တိုက် ဖြစ်လာနေတဲ့ ချင်းပြည်နယ်တောင်ပိုင်းနဲ့ စစ်ကိုင်းတိုင်းက တိုက်ပွဲတွေ အကြောင်းကို မအိမ့်ခိုင်ဦးက အခုလို သတင်းပေးပို့ထားပါတယ်။