NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း ကွယ်လွန်
ရေးသားခဲ့သည်။
မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်မှုတွေ မြင့်တက်နေတဲ့အတွက် Stay At Home နေအိမ်မှာပဲနေဖို့ မြို့နယ် ၁၂ မြို့နယ်ကို ထုတ်ပြန်ရာမှာ ကချင်ပြည်နယ်က ဖားကန့်အပါအဝင် ၃ မြို့နယ်နဲ့ မကွေးတိုင်းက ပခုက္ကူ၊ မြိုင်၊ တောင်တွင်းကြီး၊ နတ်မောက်အပါအဝင် ၉ မြို့နယ်တို့ ဖြစ်ပါတယ်။ အခုဆိုရင် Stay At Home မြို့နယ် စုစုပေါင်း ၈၆ မြို့နယ်ဖြစ်ပါတယ်။
ရန်ကုန်မှာတော့ မနေ့က တစ်ရက်ထဲ သေဆုံးသူ ၁၅၀၀ လောက် ရှိလာချိန်မှာပဲ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေထဲက ဦးဥာဏ်ဝင်းလည်း ကိုဗစ်ကူးစက်ခံရပြီးနောက် ဒီကနေ့ ဇူလိုင် ၂၀ ရက်နေ့ မှာ ကွယ်လွန်ခဲ့ပါတယ်။ အလားတူ ဖမ်းဆီး ထိမ်းသိမ်းခံထားရတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့အတူ နိုင်ငံအဝှမ်း ကိုဗစ်ကူးစက်သေဆုံးမှုအခြေအနေတွေကိုတော့ မဝင်းစန္ဒာဦးက စုစည်းပြောပြပေးမှာပါ။