ကိုဗစ်ကြောင့် သေဆုံးသူတွေ မြင့်တက်

ဗီဒီယို ပုံစာ, ကိုဗစ်ကြောင့် သေဆုံးသူတွေ မြင့်တက်
ရေးသားခဲ့သည်။

ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ဇူလိုင်လ ၁၄ ရက် ည ၈ နာရီ စစ်ကောင်စီကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၇ဝဝဝ ကျော်ရှိခဲ့ပြီး သေဆုံးသူဦးရေကလည်း ၁၄၅ ဦးအထိ ရှိပါတယ်။

ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သုသာန်တွေမှာ မီးသဂြိုဟ်ဖို့ တန်းစီစောင့်ဆိုင်းနေရလို ကိုဗစ်ကြောင့် သေဆုံးသူဦးရေဟာလည်း စစ်ကောင်စီထုတ်ပြန်ချက်ထက် ပိုမိုများပြားတယ်လို့ ပရဟိတအဖွဲ့တွေက ထောက်ပြကြပါတယ်။

မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်မှု နောက်ဆုံးအခြေအနေကို ကိုဟိန်းကိုစိုးက စုစည်းပြောပြပေးမှာပါ။