စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ကုလကို NUG တင်ပြထား

ဗီဒီယို ပုံစာ, စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း NUG ကုလကို တင်ပြထား
ရေးသားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ၄၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဇူလိုင် ၆ ရက် နဲ့ ၇ ရက်နေ့တွေမှာ ထည့်သွင်းဆွေးနွေးကြဖို့ ရှိပါတယ်။

နှစ်စဉ် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပုံမှန်ဆို မြန်မာ အစိုးရဘက်က တက်ရောက်လေ့ရှိပေမယ့် ဒီနှစ်တော့ အာဏာသိမ်းစစ်ကောင်စီရော အမျိုးသား ညီညွတ်ရေးအစိုးရ NUG ဘက်ကပါ တက်ခွင့် မရကြပါဘူး။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း NUG ဘက်ကနေ ကြိုတင်ပေးပို့ထားတာတွေရှိတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ ဦးအောင်မျိုးမင်းကို မရီရီအောင်က မေးကြည့်ထားပါတယ်။