နိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၂ဝဝဝ ကျော် လွတ်မြောက်

ဗီဒီယို ပုံစာ, နိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၂ဝဝဝ ကျော် လွတ်မြောက်
ရေးသားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းတရားစွဲဆိုခံထားရသူတွေထဲက ၂ဝဝဝ ကျော် ဒီကနေ့ နိုင်ငံတဝန်း အကျဉ်းထောင် အသီးသီးကနေ ပြန်လည်လွတ်မြောက်လာပါတယ်။

ဒီကနေ့ လွတ်မြောက်လာသူတွေထဲမှာ လူငယ် ဆန္ဒပြသမားတွေ၊ သတင်းထောက်တွေ၊ အနုပညာရှင်တချို့နဲ့ ထင်ကြားကျော်ကြားသူတချို့လည်း ပါဝင်ပါတယ်။

အခုလို ပြန်လွတ်ပေးမှုကို အပြုသဘောဆောင်တဲ့ သဘောလို့ မရှု့မြင်သင့်ပဲ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ကိုလည်း နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက သတင်းထုတ်ပြန်ထားပါတယ်။

အကြောင်းစုံကို အင်းစိန်အကျဉ်းထောင်ရှေ့ ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဘီဘီစီ သတင်းထောက် မညိုလဲ့ရည်က စုစည်းပြောပြပေးမှာပါ။