ကမ္ဘာ့ အကြာဆုံး ကိုဗစ်လူနာ

ဗီဒီယို ပုံစာ, ကမ္ဘာ့ အကြာဆုံး ကိုဗစ်လူနာ
ရေးသားခဲ့သည်။

အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်းက ဒေ့ဗ် စမစ် ဆိုတဲ့ အမျိုးသား တဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကို ရက်ပေါင်း ၃၀၀ နီးပါး ကူးစက်ခံခဲ့ရပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ရောဂါပိုး ကူးစက်ခံရမှု အရှည်ကြာဆုံး စံချိန်တခုလည်း ဖြစ်ပါတယ်။ သူဟာ အသက် ၇၂ နှစ် ရှိပြီ ဖြစ်ပါတယ်။ ဒီရောဂါပိုးဟာ သူ့ကိုယ်ထဲမှာ တနှစ်နီးပါး ရှိနေခဲ့ပြီး ရောဂါလက္ခဏာတွေ ပြနေခဲ့တာကြောင့် ဒါကို တိုက်ဖျက်နိုင်ဖို့ အထူး ပဋိပစ္စည်း ကုထုံးတွေနဲ့ ကုသပေးခဲ့ရပါတယ်။ အခုတော့ သူလည်း နာလံထနေပြီ ဖြစ်ပါတယ်။ သူ့အကြောင်းကို ရှုစားရအောင်ပါ။ ကိုဘိုဘိုက ပြောပြမှာပါ။