ပုလဲ ဂန့်ဂေါမှာ စစ်ကားသုံးစီး မိုင်းခွဲ တိုက်ခိုက်ခံရ
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်း၊ ပုလဲ ဂန့်ဂေါလမ်းမှာ စစ်ကား သုံးစီးမိုင်းထိပြီး အသေအပျောက်ရှိတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။ ပုလဲမြို့နယ်ထဲမှာ စစ်ကားသုံးစီးမိုင်းနင်းမိတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ဒီလိုဖြစ်တာ မဟုတ်ဘဲ တပ်မတော်က အုပ်ချုပ်မှုယာဉ်သုံးစီး စက်ချို့ယွင်းလို့ ပြင်ဆင်နေတာပဲ ဖြစ်ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ တခါ မြင်းခြံမြို့က ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးအိမ်ကို လက်လုပ်ဗုံး အပြစ်ခံရသလို၊ နာမည်ကြီးဆေးလိပ်ခုံတခုက လူတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီကနေ့မနက်ပိုင်းမှာ ဖမ်းသွားခဲ့ပါတယ်။ ဒီသတင်းအပြင် တနိုင်ငံလုံးက ပစ်ခတ်မှုတွေနဲ့ ဆန္ဒပြပွဲ သတင်းတွေကို မနှင်းမိုက စုစည်းပြောပြပေးမှာပါ။