ရုရှားရောက် အာဏာသိမ်းစစ်ခေါင်းဆောင်

ဗီဒီယို ပုံစာ, ရုရှားရောက် အာဏာသိမ်းစစ်ခေါင်းဆောင်
ရေးသားခဲ့သည်။

ဇွန်လ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ရုရှားနိုင်ငံ မော်စကိုမြို့မှာကျင်းပမယ့် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံကို ကိုယ်တိုင်တက်ရောက်ဖို့အတွက် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံကို ရောက်ရှိနေပါပြီ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ဥက္ကဋ္ဌ သွားရောက်တဲ့ ဒုတိယမြောက် ပြည်ပခရီးစဉ်လည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ရုရှားလုံခြုံရေးကောင်စီ ဝန်ကြီးတို့ဟာ မြန်မာပြည်တွင်းက လုံခြုံရေး အခြေအနေတွေအကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုတိုးတက်ဖို့ သဘောတူခဲ့ကြတယ်လို့ ရုရှားဘက်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ ရုရှားခရီးစဉ်နဲ့ ပတ်သက်လို့ မညိုလဲ့ရည်က စုစည်းပြောပြပေးမှာပါ။