ကယားပြည်နယ် ဒီးမော့ဆိုမြို့ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်
ရေးသားခဲ့သည်။
ကယားပြည်နယ် ဒီးမော့ဆို့မြို့ကို အာဏာသိမ်း စစ်ကောင်စီဘက်က ဇန်နဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှာ လွိုင်ကော်မြို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တခါ စစ်ကိုင်းတိုင်းကနီ၊ တန့်ဆည်မြို့နယ်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ဆက်ရှိနေပါတယ်။
ဒီအကြောင်း ဘီဘီစီ သတင်းထောက် ကိုဟိန်းကိုစိုးက ပြောပြပေးမှာပါ။