ကျောင်းပြန်ဖွင့်မယ့်ကိစ္စ စိုးရိမ်မှုတွေရှိ

ဗီဒီယို ပုံစာ, ကျောင်းပြန်ဖွင့်မယ့်ကိစ္စ စိုးရိမ်မှုတွေရှိ
ရေးသားခဲ့သည်။

ဇွန်လ ၁ ရက်နေ့မှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ဖို့ အာဏာသိမ်းစစ်ကောင်စီက အမိန့်ထုတ်ထားပေမယ့် စာသင်ကျောင်းတွေမှာ စစ်တပ်က တပ်စွဲထားမှု၊ စာသင်ကျောင်းတွေအနီး ပေါက်ကွဲမှုတွေကြောင့် ကလေးတွေရဲ့ လုံခြုံရေးအပေါ် စိုးရိမ်နေသူတွေ ရှိပါတယ်။

စစ်ကျွန်ပညာရေး အလိုမရှိ ကျောင်းမတက်ရေးလှုပ်ရှားမှုတွေ ဆက်ရှိနေသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ကြားကာလပညာရေးအစီအစဉ်အဖြစ် အွန်လိုင်းကနေ ကလေးတွေကို ပညာသင်ကြားပေးဖို့ စီစဉ်နေပါတယ်။

လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုတွေကြားမှာ ကလေးတွေကို စာသင်ကျောင်းတွေဆီ ပြန်ပို့ဖို့ မပို့ဖို့ သဘောထားအမြင်မတူတဲ့ မိဘတွေရဲ့ ပြောကြားမှုတွေကို ရှုစားကြည့်ကြရအောင်ပါ။