လုံခြုံရေးတွေ တင်းကျပ်ပေမယ့် ပုံစံမျိုးစုံနဲ့ တွန်းလှန်နေကြ
ရေးသားခဲ့သည်။
ရန်ကုန်အပါဝင် မြို့ကြီးတချို့မှာ ပေါက်ကွဲမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ဒီကနေ့မှာတော့ သင်္ဃန်းကျွန်းမြို့နယ်တွင်းက မင်္ဂလာဆောင် တခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့လို့ သတို့သမီးဆုံးပါးခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း နှစ်ဘက်အကျအဆုံး များကာ အရပ်သား ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံတဝန်းမှာတော့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ညောင်ရေသွန်းသပိတ်၊ ပျောက်ကြားသပိတ်၊ ကျောင်းမတက်ရေးသပိတ်တွေ ဆင်နွှဲပြီး အာဏာသိမ်း စစ်ကောင်စီကို ပုံစံအမျိုးမျိုးနဲ့ ဆက်လက်တော်လှန်နေကြပါတယ်။
ဒီအကြောင်းအပြည့်အစုံကိုတော့ မညိုလဲ့ရည်က စုစည်းပြောပြပေးမှာပါ။