မြို့ကြီးအတော်များများမှာ ပေါက်ကွဲမှုတွေဖြစ်
ရေးသားခဲ့သည်။
မြန်မာနိုင်ငံက မြို့အတော်များများမှာ ပေါက်ကွဲမှုတွေ ထပ်ဖြစ်ခဲ့လို့ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် သေဆုံးမှုတွေ တိုးလာနေပါတယ်။ ကယားပြည်နယ်နဲ့ ချင်းပြည်နယ် အပါအဝင် ဒေသအချို့မှာလည်း ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပစ်ခတ်မှုတွေရှိနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အသုံးပြုနေတယ်လို့ သိရပါတယ်။ နိုင်ငံတဝန်းက ပစ်ခတ် တိုက်ခိုက်မှုနောက်ဆုံး အခြေအနေတွေကို မဝင်းစန္ဒာဦးက ပြောပြပေးမှာပါ။