ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့

ဗီဒီယို ပုံစာ, ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့
ရေးသားခဲ့သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ စစ်ကျွန်ပညာရေး အလိုမရှိဆိုတဲ့ ကျောင်းမတက်ရေး လှုပ်ရှားမှုတွေ ဒေသတချို့မှာ ဆက်လက် အားကောင်းနေသလို ရန်ကုန်မြို့မှာတော့ ပေါက်ကွဲမှုတချို့ ရှိခဲ့ပြီး အုပ်ချုပ်ရေးမှူးတစ်ဦးပစ်သတ်ခံခဲ့ရပါတယ်။

တခါ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း ဒီကနေ့ မနက်ပိုင်းမှာ စစ်တပ်ပိုင် ဆီတင်ယာဉ်တစီးကို တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၈ဝ၀ ကျော် သေဆုံးပြီး ၄ဝဝဝ ကျော် အဖမ်းခံထားရတယ်လို့လည်း အေအေပီပီ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဒီအကြောင်း မညိုလဲ့ရည်က စုစည်းပြောပြပေးမှာပါ။