နေပြည်တော် အခြေအနေ ဘယ်လိုရှိ

ဗီဒီယို ပုံစာ, နေပြည်တော် အခြေအနေ ဘယ်လိုရှိ
ရေးသားခဲ့သည်။

စစ်အာဏာသိမ်းပြီး ၃ လ ကျော် အကြာမှာတော့ အာဏာသိမ်း စစ်ကောင်စီ ရုံးစိုက်ရာ နဲ့ အရင် အစိုးရ နဲ့ လွှတ်တော် တွေ တည်ရှိရာ မြို့တော် နေပြည်တော်က သတင်းနဲ့ မြင်ကွင်းတွေဟာ မီဒီယာ စာမျက်နှာတွေပေါ်မှာ တွေ့ရလာနည်းနေပါတယ်။  

နေပြည်တော်မှာ အရင် အခြေစိုက်နေ သတင်းယူနေကြတဲ့ ပြည်တွင်း ပြည်ပ မီဒီယာ တွေက သတင်းထောက် တွေထဲက အများစုဟာလည်း နေပြည်တော်ကို စွန့်ခွာခဲ့ရတဲ့ အနေအထား အထိ ဖြစ်ခဲ့ပါတယ်။  

အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် နေထိုင်နေတဲ့ နေရာလည်း ဖြစ်၊ အရင် အစိုးရ ထိပ်သီး ခေါင်းဆောင်တွေကို လက်ရှိမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့နေရာလည်းဖြစ်တဲ့   နေပြည်တော် ဟာ ဘယ်လို ပုံစံနဲ့ ရှိနေပါသလဲ။  အဲဒီကို သိပ်မကြာခင်ကမှ ရောက်ခဲ့တဲ့ ဘီဘီစီ အဖွဲ့တွေ့မြင်ရချက်တွေကို ကိုနန္ဒက ပြောပြမှာပါ။