အစ္စရေး နဲ့ ပါလက်စတိုင်း တိုက်ပွဲအခြေအနေ

ဗီဒီယို ပုံစာ, အစ္စရေး နဲ့ ပါလက်စတိုင်း တိုက်ပွဲအခြေအနေ
ရေးသားခဲ့သည်။

အစ္စရေးထိန်းချုပ်ထားတဲ့ ဂါဇာဒေသမှာ တိုက်ပွဲတွေ ပြန်လည်ပေါ်ပေါက် နေပြီး အစ္စရေးတို့က လေကြောင်း၊ ရေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေ လုပ်ခဲ့သလို၊ ဟားမက် အုပ်စုကလည်း ဒုံးကျည်တွေနဲ့ အစ္စရေးတို့ကို ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။

ဂါဇာမြို့က ကောင်းကင်ယံမှာ ပေါက်ကွဲမှုတွေကို ညအချိန်မှာတွေ့မြင်နေရပါတယ်။ ဒီလိုညဘက် တိုက်ခိုက်မှုတွေ လုပ်ရတာဟာ ပါလက်စတိုင်းလက်နက်ကိုင်တွေရဲ့ မြေအောက်တူးမြောင်း ကွန်ယက်တွေကို ရှင်းလင်းနိုင်ဖို့ ဖြစ်တယ်လို့ အစ္စရေးစစ်တပ်ဘက်က ပြောပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ အနည်းဆုံး လူ၁၁၉ယောက်သေဆုံးခဲ့ရပြီလို့ အစ္စရေးကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။အစ္စရေးနဲ့ပါလက်စတိုင်းတို့အကြားအပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြှောင်ဒေသမှာ ၇နှစ်အတွင်း အဆိုးရွားဆုံးအကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လူထိခိုက်သေဆုံးမှုတွေလည်း များပြားနေပြီး၊စစ်ပွဲကြီးတစ်ခုဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂကလည်း သတိပေးချက် ထုတ်ပြန် ထားပါတယ်။

ဒီလို ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ ပြန်လည်ပေါ်ပေါက်လာတာ ဘာ့ကြောင့်ပါလဲ။ မရီရီအောင်က ရှင်းပြပေးမှာပါ။