နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများ
ရေးသားခဲ့သည်။
စစ်အာဏာသိမ်းတာ ရက် ၁ဝ၀ ကျော်လာချိန်မှာ ဒေသတချို့မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က သေဆုံးသူ ဒါဇင်နဲ့ချီ ရှိခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတွေဘက်မှာ စစ်ကောင်စီတပ်တွေ ဝင်လာလို့ ဒေသခံတွေက ပြန်လည်ခုခံခဲ့ကြပြီး နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် ရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
နိုင်ငံတဝန်း မြို့ကြီးတချို့မှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်တွေ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်ပါတယ်။
ဒီအကြောင်း မညိုလဲ့ရည်က စုစည်းပြောပြပေးမှာပါ။