အိန္ဒိယ ကိုဗစ် ဆေးမရရင် ဘာလုပ်မလဲ
ရေးသားခဲ့သည်။
အိန္ဒိယမှာကိုဗစ်ကူးစက်မှုမြင့်မားနေတာကြောင့် အိန္ဒိယက ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးဝယ်ယူထားတဲ့ နိုင်ငံတွေဆီကို ဆေးရောင်း ချပေးနိုင်တဲ့အခြေအနေမရှိတော့ဘဲ စရန်ငွေတွေပြန်လည်ပေးချေနေရတဲ့အခြေအနေတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဟာလည်း အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေ ဝယ်ယူထားပြီး၊ လက်ကျန်ဆေးတွေရဖို့လည်း ရှိပါတယ်။ တကယ်လို့ အိန္ဒိယက ကိုဗစ်ကာကွယ်ဆေးတွေမရတော့ဘူးဆိုရင် တခြားအစီအစဥ်အစားထိုးဖို့ရှိပါသလား။ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကို မညိုလဲ့ရည်က ဆက်သွယ်မေးမြန်းထားပါတယ်။