NUG နဲ့ ဆွေးနွေးစရာတွေ ရှိနေသေးတယ်လို့ KNU ပြော
ရေးသားခဲ့သည်။
ကရင် အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်နယ်မြေ တချို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNU ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ KNLA တို့အကြား တိုက်ပွဲတွေ ပြန်ဖြစ်လာသလို ဖာပွန် မုတြော်ခရိုင် ထဲမှာ ဒေသခံ ကရင်လူထု ထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
KNU ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး CRPH နဲ့ အဲဒီ CRPH ကနေ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံပေမယ့် သူတို့နဲ့ ဆွေးနွေးစရာတွေ ရှေ့မှာ ရှိသေးတယ် လို့ ဆိုပါတယ်။
KNU ရဲ့ နိုင်ငံခြားရေး တာဝန်ခံ ပဒို စောတောနီ ကို ကိုငြိမ်းချမ်းအေး က ဆက်သွယ် မေးမြန်းထားပါတယ်။