ကျောင်းလာဖို့ခေါ်ပေမယ့် ဆရာ ဆရာမတွေ စီဒီအမ်လုပ်နေဆဲ

ဗီဒီယို ပုံစာ, ကျောင်းလာဖို့ခေါ်ပေမယ့် ဆရာ ဆရာမတွေ စီဒီအမ်လုပ်နေဆဲ
ရေးသားခဲ့သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းဆရာဆရာမ အများစုဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေကြပေမယ့် အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လုပ်ငန်းခွင် ပြန်ဝင်ဖို့ စစ်ကောင်စီဘက်က ဖိအားပေးမှုတွေ ရှိနေတာကြောင့် CDM လုပ်နေကြတဲ့ ဆရာ၊ ဆရာမတွေ ကိုယ်တိုင် ကျောင်းမတက်ရေးလှုပ်ရှားမှု ဆန့်ကျင်ဟောပြောမှုတွေ လုပ်နေကြပါတယ်။

တဖက်မှာလည်း CDM လုပ်နေကြတဲ့ ဆရာ၊ ဆရာမတွေကို ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုထားသလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆရာ၊ ဆရာမ အယောက် ၃၀ ထက်မနည်းကိုလည်း ဖမ်းဆီးထားပါတယ်။

ဒီအကြောင်း ကိုဟိန်းကိုစိုးက စုစည်းပြောပြပေးမှာပါ။