နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုတဲ့ နိုင်ငံတဝန်းဆန္ဒပြမှု
ရေးသားခဲ့သည်။
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်တာ ၇ နှစ်ပြည့့်နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ Blue Shirt Strike လို့ခေါ်တဲ့ အပြာရောင် ရှပ်အင်္ကျီဝတ်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ ဆန္ဒပြသမားတွေ တောင်းဆိုခဲ့ကြပါတယ်။
ဒီကနေ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေဘက်က ဖြိုခွင်း၊ ဖမ်းဆီးထားတာလည်း ဆက်ရှိနေပါတယ်။
ကိုဟိန်းကိုစိုးက စုစည်းပြောပြပေးမှာပါ။