ကနီမြို့နယ်အတွင်း ဒေသခံတွေ ရှောင်ပြေးနေရ

ဗီဒီယို ပုံစာ, ကနီမြို့နယ်အတွင်း ဒေသခံတွေ ရှောင်ပြေးနေရ
ရေးသားခဲ့သည်။

စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကို ပြန်လည်ခုခံခဲ့တဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ကနီမြို့နယ်ဘက်မှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ပစ်ခတ်မှုတွေကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒီကနေ့မှာတော့ ကနီမြို့နယ်ထဲက ရွာတွေကို အာဏာသိမ်းစစ်တပ်ဘက်က ဝင်ရောက် တပ်စွဲလာသလို လုယက်တာတွေ လုပ်နေကြပြီး ဒေသခံရွာသားအများအပြား လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဲဒီက အခြေအနေတွေကို ကိုဟိန်းကိုစိုးက စုစည်းပြောပြမှာပါ။