သတင်းမီဒီယာတွေကို စစ်ကောင်စီတားဆီးဖို့ ကြိုးစား
ရေးသားခဲ့သည်။
စစ်အာဏာသိမ်းတာ ရက်ပေါင်း ၈၀ နီးပါး ရှိလာခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို အာဏာသိမ်းစစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။
ပုဂ္ဂလိက သတင်းမီဒီယာကြီး ၅ ခုကို ထုတ်ဝေခွင့် လိုင်စင်ရုပ်သိမ်းခဲ့ သလို သတင်းထောက် ၇၀ နီးပါးကိုလည်း ဖမ်းဆီးထားပြီး အဲဒီထဲက ၂၂ ယောက်ထက်မနည်း အမှုရင်ဆိုင်နေရပါတယ်။
ဒါဟာ နိုင်ငံတွင်းက အခြေအနေတွေကို သတင်းရယူနေတဲ့ သတင်းမီဒီယာသမားတွေကို တားဆီးနိုင်ဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။
အခုလို ပစ်မှတ်ထားဖြိုခွင်းမှုတွေကြောင့် သတင်းထောက်အများအပြားဟာ ဆက်လက်သတင်းရယူရေးသားဖို့အတွက် လျှို့ဝှက်လုပ်ကိုင်နေရပါတယ်။
ကိုထက်အောင်က ဆက်ပြောပြမှာပါ။