ဒေါ်အောင်ဆန်းစုကြည် ရှေ့နေ ပထမဆုံးအကြိမ် တရားရုံးထဲ ဝင်ခွင့်ရ

ဗီဒီယို ပုံစာ, ဒေါ်အောင်ဆန်းစုကြည် ရှေ့နေ ပထမဆုံးအကြိမ် တရားရုံးထဲ ဝင်ခွင့်ရ
ရေးသားခဲ့သည်။

ပုဒ်မ ၅ ခုနဲ့ တရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က ပုပ္ဗသီရိတရားရုံးမှာ ဒီနေ့ ဗီဒီယို ကွန်ဖရန်းဇင်းစနစ်နဲ့ ရုံးထုတ်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ ရှေ့နေတစ်ဦး ရုံးထဲကို ဝင်ရောက်ခွင့်ရခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ပါ ရုံးထုတ်ခဲ့ပြီး အားလုံး ကျန်းကျန်းမာမာတွေ့ရကြောင်း တရားရုံးထဲကို ဝင်ခွင့်ရတဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒီနေ့တရားရုံးတွင်းအခြေအနေကို ဒေါ်မင်းမင်းစိုးကို မနှင်းမိုက ဆက်သွယ်မေးမြန်းထားပါတယ်။