အင်အားပိုကောင်းလာတဲ့ နိုင်ငံတဝန်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ

ဗီဒီယို ပုံစာ, အင်အားပိုကောင်းလာတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ
ရေးသားခဲ့သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်းမှာ ဆက်လက် အားကောင်းလာနေပါတယ်။

လမ်းပေါ်ထွက် ဆန္ဒပြကြတဲ့ ၆ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့မှာဆိုရင် အစိုးရ ဝန်ထမ်းတွေ၊ အင်ဂျင်နီယာတွေ အများအပြား ပူးပေါင်းပါဝင်ခဲ့ကြသလို၊ အစိုးရ ယန္တရားအလုပ်မလုပ်စေဖို့ CDM လှုပ်ရှားမှုမှာလည်း ထပ်မံပူးပေါင်းပါဝင်လာသူတွေ ရှိခဲ့ကြပါတယ်။

<အမေရိကန် သမ္မတက မြန်မာ စစ်ခေါင်းဆောင်တွေကို ဦးတည်ပြီး အရေးယူပိတ်ဆို့မှုတွေ လုပ်မယ်လို့ မနေ့က ကြေညာခဲ့ပြီးနောက်၊ ဒီကနေ့ ရန်ကုန် မြို့က အမေရိကန် သံရုံးရှေ့နဲ့ ကုလသမဂ္ဂ ရုံးရှေ့တွေမှာ ဆန္ဒပြသူတွေ ပိုများလာခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။>

ရန်ကုန်မြို့နဲ့ နိုင်ငံတစ်ဝန်းက ဆန္ဒပြမှုအခြေအနေတွေကို မညိုလဲ့ရည်က စုစည်း ပြောပြပေးမှာပါ။ နေပြည်တော် က ဆန္ဒပြပွဲတွေ အကြောင်းကိုလည်း ကိုအောင်သူရက သတင်းပေးပို့ထားပါတယ်။