ကန် သမ္မတသစ် နဲ့ ဗိုင်းရပ်စ် တိုက်ဖျက်ရေး အစီအစဉ်
ရေးသားခဲ့သည်။
အမေရိကန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းမှာ စစ်ကာလအတွင်းက ဆောင်ရွက်ချက်တွေအတိုင်း သဘောထားလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သမ္မတသစ် ဂျိုးဘိုင်ဒန်ကပြေကြားလိုက်ပါတယ်။ နောက်ပြီးဗိုင်းရပ်စ် နဲ့ ပတ်သက်လို့ ဒီ့ထက်ဆိုးရွားတယ် အခြေအနေနဲ့လည်း ကြုံတွေ့ရနိုင်တယ်လို့ သူက သတိပေးလိုက်ပါတယ်။ ဒါကြောင့် နှာခေါင်းစည်း မဖြစ်မနေဝတ်ဆင်ဖို့ စည်းကမ်းချက်တွေ ထုတ်ပြန်လိုက်သလို၊ ဗိုင်းရပ်စ် စမ်းသပ်မှုနဲ့ ကာကွယ်ဆေးထိုးတဲ့ အလုပ်အတွေကို အရှိန်အဟုတ်မြှင့် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုကလည်း နောက်လမှာ လူငါးသိန်းအထိ ရှိလာနိုင်တယ်လို့လည်း သူက သတိပေးပါတယ်။ အမေရိကန်က ဗိုင်းရပ်စ် တိုက်ဖျက်ရေး သမ္မတသစ်ရဲ့ စီမံ လုပ်ဆောင်နေမှုတွေကို မသီဒါနွယ်က ပြောပြပေးမှာပါ။