သမ္မတ သက်တမ်း ၄ နှစ်အတွင်း ဒေါ်နယ်ထရမ့်ရဲ့ ဆောင်ရွက်မှုများ

ဗီဒီယို ပုံစာ, သမ္မတ သက်တမ်း ၄ နှစ်အတွင်း ဒေါ်နယ်ထရမ့်ရဲ့ ဆောင်ရွက်မှုများ
ရေးသားခဲ့သည်။

အမေရိကန် ပြည်ထောင်စုမှာတော့ ၄ နှစ်တာ သမ္မတတာဝန် ထမ်းဆောင်နေခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နောက်ဆုံး တာဝန်ထမ်းဆောင်မယ့် နေ့ကို ရောက်လာပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၀ ရက် ဗုဒ္ဓဟူးနေ့မှာဆို ဝါရှင်တန်မြို့တော်မှာ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ ရှိနေပြီး တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာနဲ့ လုံခြုံရေးတွေလည်း ထူထပ်စွာ ချထားကြပါတယ်။

လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကတော့ အစဉ်အလာကို ချိုးဖောက်ပြီး အဲဒီ အခမ်းအနားကို တက်ရောက်မှာ မဟုတ်ဘဲ ဒုတိယသမ္မတ မိုက်ခ်ပဲန့်စ်ပဲ တက်ရောက်မှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ အတက်အကျ အများဆုံး သမ္မတသက်တမ်းတွေထဲက တခု ဖြစ်တဲ့ ဒေါ်နယ် ထရမ့်ရဲ့ သက်တမ်းကို ပြန်ပြောင်းကြည့်ရအောင်ပါ။

ကိုထက်အောင်က ပြောပြမှာပါ။