သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် အမေရိကန်နိုင်ငံတွင်း အခြေအနေ
ရေးသားခဲ့သည်။
ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် အမေရိကန်ပြည်ထောင်စုမှာ အကြမ်းဖက် ဆန္ဒပြမှုတွေ ထပ်ပြီး ပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်ပေါ်လာခဲ့ပေမယ့် ပြီးခဲ့တဲ့ စနေတနင်္ဂနွေဟာ ငြိမ်းငြိမ်းချမ်းချမ်းပဲ ကုန်ဆုံးခဲ့ပါတယ်။
ဒါပေမဲ့ အမျိုးသားလုံခြုံရေးတပ် ထောင်နဲ့ချီ စောင့်ကြည့်တာခံနေရတဲ့ ဝါရှင်တန်ဒီစီမြို့တော်က လမ်းတွေမှာတော့ တိတ်ဆိတ်ချောက်ကပ်နေပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ၄ နှစ်တာ သမ္မတ သက်တမ်း ဗုဒ္ဓဟူးနေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
အပြည့်အစုံကိုတော့ ကိုဇေယျာ က ပြောပြပေးမှာပါ။