သမ္မတထရမ့်ကို ရာထူးက ဖြုတ်ချရေး ဒုတိယအကြိမ် ကြိုးပမ်းချက်

ဗီဒီယို ပုံစာ, သမ္မတထရမ့်ကို ရာထူးက ဖြုတ်ချရေး ဒုတိယအကြိမ် ကြိုးပမ်းချက်
ရေးသားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ သက်တမ်း မကုန်ဆုံးခင် သီတင်းတပတ်အလိုမှာ မစ္စတာ ထရမ့်ကို ရာထူးက ဖြုတ်ချနိုင်ရေး ဒုတိယအကြိမ်မြောက် တရားစွဲဆိုမှုကို ထောက်ခံအားပေးသွားမယ်လို့ အမေရိကန် ရီပတ်ဘလစ်ကန်ပါတီက ထိပ်ပိုင်းခေါင်းဆောင်တချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် ကွန်ကရက်လွှတ်တော်တွင်း အကြမ်းဖက် ဝင်ရောက်စီးနင်းမှုကို မစ္စတာ ထရမ့်က အားပေးအားမြှောက်လုပ်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ဒီမိုကရက်တွေက ဒီကိစ္စကို အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြဖို့ တွန်းအားပေးသွားဖွယ် ရှိပါတယ်။

ကိုမိုးမြင့်က ပြောပြပေးမှာပါ။