ဘာလီကျွန်း ဗုံးကွဲမှု နောက်ကွယ်က လူ ပြန်လွတ်လာ
ရေးသားခဲ့သည်။
၂၀၀၂ ခုနှစ်တုန်း က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကို နောက်ကွယ်က ကြိုးကိုင်ခဲ့သူလို သံသယရှိကြတဲ့ အစ္စလမ်ဘာသာရေး ခေါင်းဆောင် အဘူဘာကာ ဘာဆီယာ ဟာ ထောင်က လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။
သူဟာ အယ်လ်ကိုင်ဒါ အဖွဲ့ကို အတုယူအားကျတဲ့ အစ္စလာမ် ဘာသာရေးခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့လည်း အများက ယုံကြည်ထားကြပါတယ်။
ဘာလီကျွန်းမှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှု အတွင်းမှာ လူပေါင်း ၂၀၀ကျော် အသက်သေဆုံးခဲ့ရပြီး အများစုက သြစတြေးလျ နိုင်ငံက လာတဲ့ခရီးသွားတွေ ဖြစ်ကြပါတယ်။ မသီဒါနွယ်က ဆက်ပြီးပြောပြပေးမှာပါ။