အမေရိကန် ကွန်ဂရက် ဝင်ရောက်စီးနင်းမှု
ရေးသားခဲ့သည်။
ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်အနိုင်ရကြောင်း ကွန်ဂရက်က အတည်ပြုခဲ့ပြီးနောက်မှာတော့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး လုပ်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ကတိပေးပြောကြားလိုက်ပါပြီ။ မနေ့က ဝါရှင်တန်မြို့မှာ ထရမ့်ကို ထောက်ခံကြတဲ့လူတွေဟာ ကွန်ဂရက်အဆောက်အအုံကို ဝင်ရောက် စီးနင်းမှုတွေ လုပ်ခဲ့တဲ့အတွက်၊ အမေရိကန်ရဲ့ ဒီမိုကရေစီလမ်းကြောင်းက အရုပ်ဆိုး အကျည်းတန်မှုတွေကို ကမ္ဘာတစ်ဝန်းက လူတွေ တွေ့မြင်ခဲ့ရပါတယ်။ ဒီလို ဖြစ်ရပ်တွေကြောင့် လူတွေကိုလည်း အံ့အားသင့်စေခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ကိုမင်းထက်က ဆက်ပြီးပြောပြပေးမှာပါ။