ကိုဗစ် ကာကွယ်ဆေးစွမ်းမပြယ်ဖို့ ဆိုလာရေခဲသေတ္တာ

ဗီဒီယို ပုံစာ, ကိုဗစ် ကာကွယ်ဆေးစွမ်းမပြယ်ဖို့ ဆိုလာရေခဲသေတ္တာ
ရေးသားခဲ့သည်။

ကမ္ဘာတဝန်းမှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံရေးတွေ လုပ်နေကြပြီဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေကို အာနိသင် မပျက်ပြယ်သွားစေဖို့ အတွက် အအေးခန်းထဲမှာ သိမ်းထားဖို့ လိုပါတယ်။ အဲဒီလို သိမ်းနိုင်ဖို့ အင်မတန် အားကောင်းတဲ့ အအေးပေးစက်တွေ လိုအပ်ပါတယ်။ ဒါပေမယ့်ကမ္ဘာ့လူဉီးရေ သန်း ၈၀၀ ကျော်ဟာ ဒီလို အအေးပေးစက်သုံးနိုင်ဖို့လိုအပ်မယ့် လျှပ်စစ်ဓာတ်အား ရဖို့အတွက် အခက်အခဲတွေ ရှိကြပါတယ်။ ဆိုတော့ ဒီလို နေရာတွေမှာ အအေးပေးစက်တွေ သုံးဖို့အတွက် ဘယ်လိုလုပ်နိုင်ကြမလဲ။ ကိုရင်မောင်က ပြောပြမှာပါ။