ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဝယ်ယူသိုလှောင်နေကြ

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဝယ်ယူသိုလှောင်နေကြ
ရေးသားခဲ့သည်။

ယူကေနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လူအုပ်စုအလိုက် စတင်ထိုးပေးနေပြီဖြစ်သလို၊ အမေရိကန် နိုင်ငံမှာလည်း ဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို အတည်ပြုပေးဖို့ နီးစပ်လာပြီဖြစ်ပါတယ်။ ကမ္ဘာ့ နိုင်ငံအသီးသီး ကလည်း သူတို့ဆီမှာ ကာကွယ်ဆေး ဘယ်တော့များ ရနိုင်မလဲ ဆိုတာကို သိချင်လာကြပါပြီ။ တချို့ နိုင်ငံကြီးတွေဟာ ဆိုရင် ဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို အများအပြားဝယ်ယူသိုလှောင်ထားတယ်ဆိုပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောလာကြပါပြီ။ လူဦးရေ များပြားတဲ့ ပါကစ္စတန်၊ မက္ကဆီကို စတဲ့နိုင်ငံတွေအတွက် ကာကွယ်ဆေးရဖို့ကြိုးစားပေးနေတဲ့ တာဝန်ရှိသူတွေကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။ နိုင်ငံအသီးသီးမှာ ဗိုင်းရပ်စ် ကာကွယ်ဆေးရဖို့ ဘယ်လို အစီအစဉ်တွေများ ချမှတ် လုပ်ဆောင်နေပါသလဲ။ မစန္ဒာက ပြောပြပေးမှာပါ။