အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဆေး ဘယ်လိုထိုးနှံပေးမလဲ
ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံက စက်ရုံတရုံမှာ အောက်စ်ဖို့ဒ် အက်စတြာဇန်နဂါ ကိုဗစ်ကာကွယ်ဆေး သန်းပေါင်းများစွာကို ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ပထမ ဦးစားပေးအနေနဲ့ ကာကွယ်ဆေးရမှာ ဖြစ်ပေမယ့် အချိန်တန်ရင် တကမ္ဘာလုံးကို ကာကွယ်ဆေးအလုံးပေါင်း သန်းရာနဲ့ချီ ထောက်ပံ့ပေးသွားမယ်လို့ အိန္ဒိယနိုင်ငံရဲ့ Serum Institute ကုမ္ပဏီက ပြောပါတယ်။
ဒါပေမဲ့ လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ နိုင်ငံအတွက် ကာကွယ်ဆေးထိုးနှံမယ့် အစီအစဉ် ဘယ်လို စတင်နိုင်မှာပါလဲ။
မအေးသူစံက ပြန်ပြောပြပေးမှာပါ။