ယူကေအတည်ပြု ကိုရိုနာကာကွယ်ဆေး ဘယ်လောက်စိတ်ချရလဲ
ရေးသားခဲ့သည်။
ဗြိတိန်နိုင်ငံမှာ အတည်ပြုထားပြီဖြစ်တဲ့ ဖိုင်ဇာကုမ္ပဏီရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လာမယ့် အင်္ဂါနေ့မှာ စတင်ပြီး အသက်အရွယ်အလိုက် ကာကွယ်ပေးရမယ့် လူတွေကို စတင်ထိုးပေးတော့မှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ရတဲ့ သေဆုံးမှု ၉၉ရာခိုင်နှုန်းကို ဒီဆေးနဲ့ ကာကွယ်တားဆီးပေးနိုင်မှာ ဖြစ်တယ်လို့ အင်္ဂလန် ကျန်းမာရေးဌာန လက်ထောက်အကြီးအကဲ က ပြောဆိုပါတယ်။ ဒါပေမယ့် ကပ်ရောဂါကြီး မဖြစ်ခင်ကလို ပုံမှန် အခြေအနေအတိုင်းပြန်ဖြစ်ဖို့ လပေါင်းများစွာတော့ စောင့်ရနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီကာကွယ်ဆေးက ရေရှည်မှာ ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မှာလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။ ဒီကာကွယ်ဆေးရဲ့ အခြေအနေကို ကြည့်ရအောင်ပါ။ ကိုမင်းထက်က ပြောပြပေးမှာပါ။