အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရင်းသားတွေနဲ့ ဘယ်လို ပူးပေါင်းမလဲ
ရေးသားခဲ့သည်။
၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲမှာ အများစုအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေနဲ့ အစိုးရသစ်ဖွဲ့စည်းတဲ့အခါ တိုင်းရင်းသားတွေနဲ့အတူ လက်တွဲလုပ်ကိုင်သွားမယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။
လွှတ်တော်တွင်း အစိုးရဖွဲ့နိုင်သည်အထိ အများစုအနိုင်ရထားတဲ့ လက်ရှိအာဏာရပါတီအနေနဲ့ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလက အခြေအနေကို သင်ခန်းစာယူပြီး ငြိမ်းချမ်းရေးနဲ့ ဒေသဖွံဖြိုးရေးအတွက် တိုင်းရင်းသားတွေအသံကို နားထောင်သွားမယ်လို့လည်း NLD ပါတီ ဒု-ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။