ကန် သမ္မတ ရွေးကောက်ပွဲဟာ လုံခြုံမှု အရှိဆုံးလို့ တာဝန်ရှိသူတွေပြော

ဗီဒီယို ပုံစာ, ကန် သမ္မတ ရွေးကောက်ပွဲဟာ လုံခြုံမှု အရှိဆုံးလို့ တာဝန်ရှိသူတွေပြော
ရေးသားခဲ့သည်။

အခုလ အစောပိုင်းမှာ ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲဟာ သမိုင်းတလျှောက်မှာ လုံခြုံမှု အရှိဆုံးရွေးကောက်ပွဲ တစ်ခု ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ သူတို့က မဲစာရွက်ဖျက်သိမ်းလိုက်တာ၊ မဲစာရွက်တွေ ပျောက်ဆုံးနေတာတွေ မရှိဘူးလို့လည်း ဆိုပါတယ်။ ဒီကနေ့မှာတော့ ဂျိုးဘိုင်ဒန်ဟာ အရီဇိုးနားပြည်နယ်မှာ အနိုင်ရရှိတယ်ဆိုတာကိုလည်း ဘီဘီစီ အနေနဲ့ ခန့်မှန်းတွက်ချက် ထားနိုင်ခဲ့ပါတယ်။ ကနဦးမဲရေတွက်မှုတွေမှာတော့ အရီဇိုးနားပြည်နယ်သမ္မတ ဒေါ်နယ်ထရမ့်က ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။ သမ္မတထရမ့်က ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ၊ အမှားအယွင်းတွေရှိနေတယ်လို့ တောက်လျှောက်ပြောနေပေမယ့် သက်သေပြတာမျိုးတော့မရှိပါဘူး။ ဒါအပြင် မစ္စတာ ဘိုင်ဒန် နိုင်သွားတယ်ဆိုတာကိုလည်း ဒေါ်နယ် ထရမ့်က အသိအမှတ်ပြု လက်ခံမှု မလုပ်သေးပါဘူး။ ဘီဘီစီ သတင်းထောက် ပီတာ ဘိုးစ်ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။