ကိုဗစ် ၁၉ ကာကွယ်ဆေးသစ် တွေ့ရှိ
ရေးသားခဲ့သည်။
ကနဦး စမ်းသပ်မှုတွေရဲ့ ရလဒ်တွေမှာ ၉၀ ရာခိုင်နှုန်း ထိရောက်မှု ရှိတယ်လို့ ဆိုကြတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသစ် ကို ဆေးဝါး ကုမ္ပဏီကြီး Pfizer နဲ့ တွဲဖက်ကုမ္ပဏီ BioNtech က ဖော်စပ်နိုင်ခဲ့ကြပါတယ်။ အဲဒီဆေးဟာ လတ်တလောမှာ စိုးရိမ်စရာ ဆိုးကျိုးတွေ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီ ကာကွယ်ဆေးကို ထုတ်လုပ်ဖို့ တရားဝင် အတည်မပြုရသေးသလို အခု ကြေညာချက်ဟာ အစောပိုင်းက ရရှိထားတဲ့ စမ်းသပ်မှုတွေရဲ့ အပေါ်မှာ အခြေခံ သုံးသပ်ပြီး ကြေညာခဲ့တာ ဖြစ်တယ်လို့ တချို့ ကျွမ်းကျင်သူတွေက ထောက်ပြတာတွေလည်း ရှိပါတယ်။ ကိုသိမ်းမြတ်က ပြောပြမှာပါ။