အကြိတ်အနယ်ရှိနိုင်တဲ့ ပြည်နယ်တွေမှာ ထရမ့်နဲ့ဘိုင်ဒန် အပြိုင်မဲဆွယ်

ဗီဒီယို ပုံစာ, အကြိတ်အနယ်ရှိနိုင်တဲ့ ပြည်နယ်တွေမှာ ထရမ့်နဲ့ဘိုင်ဒန် အပြိုင်မဲဆွယ်
ရေးသားခဲ့သည်။

အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေ ပိတ်သိမ်းဖို့ အချိန်နီးကပ်တာနဲ့အမျှ ပါတီကြီးနှစ်ခုကြား အကြိတ်အနယ်ရှိနိုင်တဲ့ ပြည်နယ်တွေမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကော၊ ပြိုင်ဘက် ဂျိုးဘိုင်ဒန်တို့နှစ်ဦး မဲဆန္ဒရှင်ပြည်သူတွေကို အပြိုင်မဲဆွယ်နေကြပါတယ်။

အင်္ဂါနေ့မှာ ကျင်းပမယ့် အမေရိကန်ရွေးကောက်ပွဲ မတိုင်ခင် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်က လူထု စစ်တမ်းတွေမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်လက်ဦးဆောင်နေပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ အဓိက ကျတဲ့ ပြည်နယ်တွေမှာ သမ္မတလောင်းနှစ်ဦးကြား ကွာဟမှုက တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်ပါတယ်။

မရီရီအောင်က ပြောပြပေးမှာပါ။