ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို ရွှေ့ပြောင်း

ဗီဒီယို ပုံစာ, ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို ရွှေ့ပြောင်း
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်က ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းကြီးထဲမှာ နေထိုင်ခဲ့ကြတာ ၃နှစ်အထိ ရှိနေခဲ့ပါပြီ။ အဲဒီမှာလည်း အကြမ်းဖက်မှုတွေ၊ မူးယစ်ဆေးဝါးမှုတွေ နဲ့ လူကုန်ကူးမှုပြဿနာတွေကြောင့် သူတို့ရဲ့ လုံခြုံရေးအခြေအနေက တည်တည်ငြိမ်ငြိမ် မရှိသေးပါဘူး။ ဒုက္ခသည်စခန်းထဲမှာ မှုခင်းဖြစ်ပွားမှုတွေများပြားနေတာကြောင့် စခန်းမှာနေထိုင်ကြသူတွေကို ဘာရှန်ချာလို့ ခေါ်တဲ့ ကျွန်းလေးဆီကို ပို့ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စီစဉ်နေပါတယ်။ အဲဒီမှာ ဘယ်လို အခြေအနေတွေရှိနေပါသလဲ။ ကိုဘိုဘိုက ပြောပြပေးမှာပါ။