စင်္ကာပူက ကိုဗစ်စောင့်ကြည့် ကိရိယာ
ရေးသားခဲ့သည်။
စင်္ကာပူနိုင်ငံမှာ ကိုဗစ် - ၁၉ ကို ထိန်းချုပ်နိုင်ဖို့အတွက် ရောဂါပိုးရှိသူတွေကို ဘယ်သွားတယ် ဘယ်သူနဲ့ ထိတွေ့တယ်ဆိုတာ စောင့်ကြည့်ပေးနိုင်မယ့် စက်တမျိုးကို လုံးရေ သောင်းနဲ့ချီပြီး ဖြန့်ပေးထားပါတယ်။ ဘလူးတု သုံးထားတာကြောင့် စမတ်ဖုန်း မသုံးနိုင်သူတွေတောင် ဒီစက်ကို သုံးလို့ ရနိုင်တယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေကတော့ ဒီစက်က အသက်အရွယ် ကြီးသူတွေအတွက် တော်တော် အထောက်အကူ ဖြစ်မယ် သူတို့ အပြင်တွေ ဘာတွေသွားရင်တောင် လုံခြုံမှု ရှိစေမယ်လို့ ဆိုပါတယ်။
မရီရီအောင်က ပြောပြမှာပါ။