အမေရိကန် ရွေးကောက်ပွဲ သမ္မတလောင်း နှစ်ယောက် နောက်ဆုံးစကားစစ်ထိုး
အမေရိကန် သမ္မတလောင်း နှစ်ယောက်ရဲ့ နောက်ဆုံးစကားစစ်ထိုးပွဲကို နက်ရှ်ဗီးမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီတစ်ခါ စကားစစ်ထိုးပွဲကတော့ အရင်လို ဖြတ်ပြောတာတွေ သိပ်မရှိဘဲ ပိုယဉ်ကျေးခဲ့ပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ ၁၁ရက်သာ လိုတော့တဲ့အချိန်မှာ လူထု စစ်တမ်းတွေမှာတော့ ဂျိုးဘိုင်ဒန်က ဉီးဆောင်နေတာပါ။ မစ္စတာထရမ့်အတွက်တော့ ပြိုင်ဘက်ကို အသာစီးရယူဖို့ ဒီစကားစစ်ထိုးပွဲက နောက်ဆုံးအခွင့်အရေး တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီနောက်ဆုံးစကားစစ်ထိုးပွဲဟာ အရင်တစ်ကြိမ်ကလောက် မဆိုးဘူး ဆိုပေမယ့် စီးပွားရေး၊ ကျန်မာရေး၊ လူမျိုးရေး နဲ့ ပတ်ဝန်းကျင် မူဝါဒရေးရာတွေ ဆွေးနွေးရာမှာတော့ အငြင်းအခုန်တွေ ဖြစ်ခဲ့ပါသေးတယ်။
အိမ်ဖြူတော်ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်မှုတွေနဲ့ပတ်သက်ပြီး ဒီနှစ်ဉီးကြားမှာ သဘောထားကွဲလွဲခဲ့ကြပြီး အကျင့်ပျက်ချစားမှုတွေ ရှိခဲ့တယ်လို့လည်း အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။ ဒီအကြောင်းကို မရီရီအောင် က ပြောပြပေးမှာပါ။