ထိုင်းဆန္ဒပြပွဲ - လွှတ်တော်အထူးအစည်းအဝေးခေါ်ယူဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ဗီဒီယို ပုံစာ, ထိုင်းဆန္ဒပြပွဲ - လွှတ်တော်အထူးအစည်းအဝေးခေါ်ယူဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း
ရေးသားခဲ့သည်။

ထိုင်းနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ တောင်းဆိုတဲ့အနေနဲ့ ဘန်ကောက်မြို့က လမ်းမတွေပေါ်မှာ ဆန္ဒပြသမား ထောင်သောင်းချီ ပြီးခဲ့တဲ့ သတင်းပတ်ကုန်ပိုင်းက စုဝေးဆန္ဒပြခဲ့ကြပါတယ်။

လူစုလူဝေးလုပ်တာကို တားမြစ်ကန့်သတ်လိုက်တဲ့ အစိုးရရဲ့ အရေးပေါ် အမိန့်ကို ဖီဆန်ပြီး အခုလို ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

လက်ရှိ ထိုင်းနိုင်ငံတွင်း အကျပ်အတည်းအကြောင်း ဆွေးနွေးဖို့အတွက် လွှတ်တော်တွင်း အထူးအစည်းအဝေးခေါ်ယူဖို့ကိုလည်း ထိုင်းဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။

ဘီဘီစီ သတင်းထောက် ဂျိုနသန် ဟတ် ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရင်မောင်က ပြန်ပြောပြပေးမှာပါ။