ဖြစ်ထွန်းစ ပြုနေတဲ့ ငြိမ်းချမ်းရေးပျက်ပြားမှာကို စိုးရိမ်ရ
ရေးသားခဲ့သည်။
အာဖဂန်နစ္စတန် နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားလာတာကြောင့် ဒီနှစ်အစောပိုင်းမှာ ဖြစ်ခဲ့သလိုမျိုး အရပ်သားတွေ ထိခိုက် သေဆုံးမှု အများအပြား ရှိလာနိုင်တယ်လို့ အဲဒီက ကုလသမဂ္ဂ အဖွဲ့အစည်းတွေက သတိပေးနေကြပါတယ်။
ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ကာတာ နိုင်ငံမှာ လုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကိုလည်း ထိခိုက်သွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ တာလီဘန်တွေနဲ့ ဆက်ဆံရေးကို အသစ်က ပြန်စမယ်၊ တိုက်ခိုက်မှုတွေလျှော့ချဖို့ သဘောတူခဲ့ပြီလို့လည်း အမေရိကန် အထူး ကိုယ်စားလှယ်က ပြောပါတယ်။
ဒါပေမယ့် ဟယ်မန်းဒေသမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေလို့ ထောင်နဲ့ချီတဲ့ အရပ်သားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။ အဲဒီမှာရောက်နေတဲ့ ဘီဘီစီ နိုင်ငံတာသတင်းထောက်ချုပ် လိစ် ဒူးဆက်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။