ကိုဗစ်ကြောင့် ယူအေအီးက ရွှေ့ပြောင်းလုပ်သားတွေ ပြည်တော်ပြန်ရတော့မယ်

ဗီဒီယို ပုံစာ, ကိုဗစ်ကြောင့် ယူအေအီးက ရွှေ့ပြောင်းလုပ်သားတွေ ပြည်တော်ပြန်ရတော့မယ်
ရေးသားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ နှစ်ကျော့ပြန် ဖြစ်ပွားမှုနဲ့အတူ ရေနံစျေးတွေ ကျဆင်းမှုတွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာလည်း စီးပွားရေး ကျဆင်းမှု အဆိုးဆုံး အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီဒေသရဲ့ အဓိက စီးပွားရေး ဗဟိုချက်ဖြစ်တဲ့ အာရပ်စော်ဘွားများနိုင်ငံ ယူအေအီးမှာလည်း အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။

အဲဒီမှာ အလုပ်လုပ်ကိုင်ကြတဲ့ နိုင်ငံခြားသား ရွေ့ပြောင်းအလုပ်သမား ထောင်သောင်းချီလည်း အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ပါတယ်။

ဒါကြောင့် ယူအေအီးမှာ နှစ်အတော်ကြာ နေထိုင်ခဲ့ကြတဲ့ မိသားစုတွေလည်း အခုတော့ အထုပ်ပိုက်ပြီး ကိုယ့်မူရင်းနိုင်ငံကို ပြန်ကြရတော့မှာပါ။

ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုသိမ်းမြတ်က ဆက်ပြောပြပေးမှာပါ။